မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
Myanmar Youth Development Association အသင်းမှ Chairman နှင့်အဖွဲ့သည်
ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်
လာရောက်တွေ့ဆုံဆွေးနွေးခြင်း
23.3.2026 (Monday) Call Room
မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (Myanmar Youth Development Association) အသင်းမှ Chairman နှင့်အဖွဲ့သည် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် လာရောက်တွေ့ဆုံပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား တစ်နှစ်လျှင်တစ်ကြိမ် ပညာသင်ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ အသင်းမှကြီးမှူးကျင်းပမည့် Youth Forum ကဲ့သို့သော Activities များတွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအား ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ပြီး နိုင်ငံခြားတက္ကသိုလ်များသို့ လေ့လာရေး ခရီးစဉ်များ ပို့ပေးရန်စီစဉ်ထားပါကြောင်း ဆွေးနွေးပြောကြားပါသည်။

