Online Booking for Registration ကို ပြုလုပ်လိုပါက —–>
User Manual Guide ကို www.yuoe.edu.mm တွင် Download ပြုလုပ်၍ လေ့လာပြီး lms.yuoe.edu.mm တွင် (၃.၉.၂၀၂၅) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၉:၀၀) နာရီ မှစတင်ဝင်ရောက်၍ Booking ပြုလုပ်နိုင်ပါသည်။
Booking လူဦးရေအကန့်အသတ်ရှိမည်ဖြစ်ပြီး ပညာရေးဝန်ထမ်းဦးစားပေးအစီအစဉ်အရ ပညာရေးဝန်ထမ်းများသည် သီးခြားပုံစံ – MoE Staff Only (ပညာရေးဝန်ထမ်းများသာ) လျှောက်နိုင်သည့်နေရာတွင် လျှောက်ထားနိုင်ပါသည်။ ပညာရေးဝန်ထမ်းမဟုတ်သောသူများသည် Other တွင် ဝင်ရောက်လျှောက်ထားရမည်ဖြစ်ပါသည်။ ပညာရေးဝန်ထမ်းမဟုတ်သောသူများ MoE Staff Only တွင် လျှောက်ထားခွင့် (လုံးဝ) မရှိပါ။ ဝင်ရောက်လျှောက်ထားခဲ့ပါကလည်း ကျောင်းတက်ရောက်ခွင့်ရရှိမည်မဟုတ်ပါ။ Booking အောင်မြင်သူများစာရင်းကို www.yuoe.edu.mm တွင် ကြေညာသွားမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်နိုင်ရန် အောက်ပါအချက်များကို အဆင့်ဆင့်လုပ်ဆောင်ရပါမည်။
1. ပထမအဆင့်အနေနှင့် Online Booking for Registration ပြုလုပ်ရပါမည်။ Online booking ရယူပြီးမှ သင်တန်းတက်ရောက်ခြင်းမရှိသူများရှိသည့်အတွက် Booking အရေအတွက်ပိုမိုခေါ်ယူထား ပါသည်။
2. ဒုတိယအဆင့်အနေနှင့် Online booking အောင်မြင်သူများသည် (၄.၉.၂၀၂၅) ရက် (ကြာသပတေးနေ့) နံနက် (၉:၀၀) နာရီ မှစတင်ပြီး သတ်မှတ်ထားသော စာရွက်စာတမ်း (မူရင်း) များတင်ပြ၍ လျှောက်လွှာရယူကျောင်းအပ်နှံရပါမည်။ စာရွက်စာတမ်း (မူရင်း) မပါသောသူများကို လျှောက်လွှာထုတ်ပေးမည်မဟုတ်ပါ။
3. လျှောက်လွှာရယူထားသော်လည်း သတ်မှတ်ချိန်အတွင်းကျောင်းမအပ်ပါက သင်တန်းတက်ရောက်ခွင့်ရရှိမည်မဟုတ်ပါ။
4. သင်တန်းသားဦးရေကန့်သတ်ထားပါသဖြင့် ဆောလျင်စွာလျှောက်လွှာရယူဖြည့်စွက်ပြီး ကျောင်းအပ်သူများသာ သင်တန်းတက်ရောက်ခွင့်ရရှိမည် ဖြစ်ပါသည်။
