Postgraduate Diploma in English (PGDip. Eng)
Batch (9) Elementary Level (23 February 2026 – 17 May 2026)
Online Booking for Registration ကို ပြုလုပ်လိုပါက —–>
User Manual Guideကို www.yuoe.edu.mm တွင် Download ပြုလုပ်၍ လေ့လာပြီး lms.yuoe.edu.mm တွင် (၉.၂.၂၀၂၆) ရက် (တနင်္လာနေ့) နံနက် (၉:၀၀) နာရီ မှစတင်ဝင်ရောက်၍ Booking ပြုလုပ်နိုင်ပါသည်။
Booking လူဦးရေအကန့်အသတ်ရှိမည်ဖြစ်ပြီး ပညာရေးဝန်ထမ်းများ ဦးစားပေးအစီအစဉ်အရ ပညာရေးဝန်ထမ်းများသည် သီးခြားပုံစံ – MoE Staff Only (ပညာရေးဝန်ထမ်းများသာ) လျှောက်နိုင်သည့်နေရာတွင် လျှောက်ထားနိုင်ပါသည်။ ပညာရေးဝန်ထမ်းမဟုတ်သောသူများသည် Other တွင် ဝင်ရောက်လျှောက်ထားရမည် ဖြစ်ပါသည်။ ပညာရေးဝန်ထမ်းမဟုတ်သောသူများ MoE Staff Only တွင် လျှောက်ထားခွင့် (လုံးဝ) မရှိပါ။ ဝင်ရောက်လျှောက်ထားခဲ့ပါကလည်း ကျောင်းတက်ရောက်ခွင့် ရရှိမည်မဟုတ်ပါ။ Booking အောင်မြင်သူများစာရင်းကို www.yuoe.edu.mm တွင် ကြေညာသွားမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်နိုင်ရန် အောက်ပါအချက်များကို အဆင့်ဆင့်လုပ်ဆောင်ရပါမည်။
- 1. ပထမအဆင့်အနေနှင့် Online Booking for Registration ပြုလုပ်ရပါမည်။ Online booking ရယူပြီးမှ သင်တန်းတက်ရောက်ခြင်းမရှိသူများရှိသည့်အတွက် Booking အရေအတွက်ပိုမိုခေါ်ယူထားပါသည်။
- 2. ဒုတိယအဆင့်အနေနှင့် Online booking အောင်မြင်သူများသည် (၁၀.၂.၂၀၂၆) ရက် (အင်္ဂါနေ့) နံနက် (၉:၀၀) နာရီ မှစတင်ပြီး သတ်မှတ်ထားသော စာရွက်စာတမ်း (မူရင်း) များတင်ပြ၍ လျှောက်လွှာရယူကျောင်းအပ်နှံရပါမည်။ စာရွက်စာတမ်း (မူရင်း) မပါသောသူများကို လျှောက်လွှာထုတ်ပေးမည်မဟုတ်ပါ။
- 3. လျှောက်လွှာရယူထားသော်လည်း သတ်မှတ်ချိန်အတွင်းကျောင်းမအပ်ပါက သင်တန်းတက်ရောက်ခွင့်ရရှိမည်မဟုတ်ပါ။
- 4. သင်တန်းသားဦးရေကန့်သတ်ထားပါသဖြင့် ဆောလျင်စွာလျှောက်လွှာရယူဖြည့်စွက်ပြီး ကျောင်းအပ်သူများသာ သင်တန်းတက်ရောက်ခွင့်ရရှိမည် ဖြစ်ပါသည်။
