ရန်ကုန်ပညာရေးတက္ကသိုလ် နှင့် uab bank PCL တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား

Academic Latest News Social Uni Notice

ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် uab bank PCL တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၉-၅-၂၀၂၆)ရက်နေ့တွင် uab bank Head Office တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။

ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုလွယ်ကူမြန်ဆန်ပြီး လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများ၏ Enrollment ပြုလုပ်ခြင်း၊ Online Payment ပြုလုပ်ခြင်း၊ Monthly Allowance နှင့် Stipend လက်ခံရယူခြင်းများကိုလည်း ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ School Management System သာမက Learning Management System အတွက်လည်း များစွာ အထောက်အကူပြုနိုင်မည့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုလည်း ဖြစ်ပါသည်။